Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 40 - Ghafir
Translation by Alin U Yin — Permalink
Verse 16 — Surah Ghafir 40:16
ထို (တမလွန်တရား စီရင်မည့်) နေ့တွင် သူတို့သည် (ရှင်ပြန်ထ၍ အရှင်မြတ်၏) ရှေ့တော်မှောက်သို့ ထွက်လာကြပေမည်။ သူတို့နှင့်ပတ်သက်၍ မည်သည့်တစ်စုံတစ်ရာမျှပင် အလ္လာဟ်အရှင်မြတ်ထံတော်မှ ဖုံးကွယ်ထားစေနိုင်မည် မဟုတ်ပေ။ (ထိုနေ့တွင် ထိုအရှင်မြတ်က ''ယနေ့) ပကတိအချုပ်အခြာအာဏာ အလုံးစုံသည် မည်သူ့ထံ၌ ရှိသနည်း။''(ဟု မိန့်ကြားတော်မူ၍ အရှင်မြတ်သည်ပင်) ဧကောဒိတစ်ဆူတည်းဖြစ်တော်မူသော၊ (အရာခပ်သိမ်းအပေါ်) အနှိုင်းမဲ့ နိုင်နင်းလွှမ်းမိုးတော်မူသော၊ အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ “ (ဟု ဖြေကြားလိမ့်မည်။)