Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 40 - Ghafir
Translation by Alin U Yin — Permalink
Verse 17 — Surah Ghafir 40:17
ထို (တမလွန်တရား စီရင်မည့်) နေ့တွင် အလ္လာဟ်အရှင်မြတ်သည် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်းအား ယင်းကိုအသုံးချ၍ ကျင့်ကြံရှာမှီးဆည်းပူးသုံးစွဲခဲဲ့သမျှနှင့်အညီ (အကျိုးဆုလဒ်နှင့်ပြစ်ဒဏ်ကို) အပြည့်အဝ ချီးမြှင့်ပေးဆပ်စေတော်မူပြီး မည်သူ့ကိုမျှ မတော်မတရား အရေးယူတော်မူမည် အလျှင်း မဟုတ်ပေ။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ အရေးယူစစ်ဆေးတော်မူ၍ စာရင်းရှင်းတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။