Back to Languages

Burmese - Chapter 40 - Ghafir

Translation by Alin U Yin — Permalink

Verse 21 — Surah Ghafir 40:21

သူတို့က သူတို့မတိုင်မီက လွန်လေခဲ့ပြီးဖြစ်သောသူတို့သည် အင်အားနှင့်ဩဇာအာဏာအားဖြင့်လည်းကောင်း၊ ကမ္ဘာဂြိုလ်၌ထားခဲ့ကြသော လက်ရာအမွေအနှစ်များအရလည်းကောင်း၊ သူတို့ထက် ပိုမို၍ သာလွန်ခဲ့သော်ငြားလည်း (အရှင့်သက်သေလက္ခဏာတော်များကို ခေါင်းမာမာဖြင့် မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ကြရာ) အလ္လာဟ်အရှင်မြတ်သည် သူတို့၏ပြစ်မှုဒုစရိုက်များကြောင့် သူတို့အား အရေးယူတော်မူခဲ့ပြီး သူတို့အတွက် အလ္လာအရှင်မြတ်နှင့်ဆန့်ကျင်၍ အကာအကွယ်ပေးမည်သူဟူ၍ မည်သူတစ်ဦး တစ်ယောက်မျှ မရှိခဲ့ကြောင်း သူတို့၏နောက်ဆုံးအကျိုးရလဒ် (ဇတ်သိမ်းခန်း) မည်သို့ရှိခဲ့ ကြောင်းကို တွေ့မြင်လေ့လာ၍ ဆင်ခြင်သုံးသပ်နိုင်ရန် မြေကမ္ဘာဝယ် လှည့်လည်လျက် ခရီးသွားခြင်း မပြုကြသလော။