Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 40 - Ghafir
Translation by Alin U Yin — Permalink
Verse 22 — Surah Ghafir 40:22
ထိုသို့အရေးယူတော်မူခြင်းသည် သူတို့ထံ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော အထောက် အထားများပါဝင်သည့် ရှင်းလင်းချက်နှင့်အတူ ရစူလ်တမန်တော်များ လောက်လာခဲ့ကြသော်လည်း သူတို့သည် ထိုရစူလ်တမန်တော်များအား မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြသောကြောင့် အလ္လာဟ်အရှင်မြတ်က သူတို့ကို ဖမ်းဆီးအရေးယူစေတော်မူခြင်းဖြစ်၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် တန်ခိုး စွမ်အားအလုံးစုံနှင့်ပြည့်စုံတော်မူသောအရှင် ပြင်းထန်စွာ တန်ပြန်အရေးယူစေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။