Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 40 - Ghafir
Translation by Alin U Yin — Permalink
Verse 25 — Surah Ghafir 40:25
ထို့နောက် (တမန်တော်) မူဆာသည် ငါအရှင်မြတ်ထံ တော်မှဖြစ်သော အမှန်တရားသစ္စာကို ဆောင်ယူ၍ သူတို့ထံ ရောက်ရှိသောခါ သူတို့က ''(တမန်တော်) မူဆာနှင့်အတူ ရှိကြသော (သူ့နောက်လိုက်) သက်ဝင်ယုံ ကြည်သူတို့၏ သားယောကျာ်းများကို သတ်ဖြတ်ချေမှုန်းကြလော့။ သူတို့၏အမျိုး သမီးများကိုမူကား (နှိမ့်ချ ဖိနှိပ်ရန်) ဆက်လက်အသက်ရှင်ခွင့်ပေးကြလော့။'' ဟု ပြောဆိုခဲ့ကြ၏။ သို့တစေလည်း မယုံကြည်သူ (အရှင့် စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) တို့၏အကြံအစည်များမှာ အထမမြောက်ဘဲ လွဲမှားချွတ်ချော်မှု၌သာ ရှိခဲ့၏။