Back to Languages

Burmese - Chapter 40 - Ghafir

Translation by Alin U Yin — Permalink

Verse 26 — Surah Ghafir 40:26

ထို့ပြင် ဖာရိုမင်းက ''ကျွန်ုပ်အား (မတားဆီးဘဲ တမန်တော်) မူဆာအား သတ်ဖြတ်ခွင့်ပေးပြီး သူ့ကိုလည်း သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို ဟစ်ခေါ် ဆုတောင်းစေလော့။ အမှန်စင်စစ် ကျွန်ုပ်သည် သူက သင်တို့၏မိရိုးဖလာသာသနာကို ပြောင်းလဲပစ်မည်ကိုလည်းကောင်း၊ မြေကမ္ဘာ (၏ဤဒေသဤတိုင်းပြည်) ဝယ် အဖျက်အမှောင့်နှင့်မတည်ငြိမ်မှုများဖြင့် ဖြစ်ပေါ်စေမည်ကိုသော် လည်းကောင်း၊ စိုးရိမ်ကြောင့်ကြမိ၏။