Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 40 - Ghafir
Translation by Alin U Yin — Permalink
Verse 28 — Surah Ghafir 40:28
ထို့ပြင် ဖာရိုမင်း၏ဆွေမျိုးအသိုင်းအဝိုင်းအနက်မှ (အရှင်မြတ်ကို ဖြူစင်စွာယုံကြည်သော်လည်း ထိုအ ချိန်အထိ သူ့) ယုံကြည်မှုကို လျှို့ဝှက်ဖုံးကွယ်ထားခဲ့သော ပုဂ္ဂိုလ်တစ်ဦးက ''လူတစ်ဦးသည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်မှာ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။”ဟု ပြောဆိုခြင်းအပေါ်အခြေခံ၍ သူ့ကို သတ်ဖြတ်ကြမည်လော၊ အမှန်စင်စစ် သူသည် သင်တို့ထံ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ ကွက်ကွက်ကွင်းကွင်း မြင် သာထင်ရှားသော အထောက်အထားများပါဝင်သည့် ရှင်းလင်းချက်နှင့်အတူ ရောက်လာခဲ့ခြင်းသာ ဖြစ်၏။ အကယ်၍ သူသည် လိမ်လည်သူတစ်ဦးဖြစ်လျှင် သူ့လိမ်လည်မှုသည် သူ့အပေါ်သာ မူတည်၏။ သို့ရာတွင် အကယ်၍ သူသည် ဖြောင့်မတ်မှန်ကန်သော သစ္စာဝါဒီဖြစ်လျှင် သူက (အရှင်မြတ်ကို ဖီဆန်သူအတွက် အရှင့်ထံတော်မှ ပြစ်ဒဏ်ရှိစေတော်မူမည်ဟု) သင်တို့အား ကြိုတင် ကတိပေးပြောကြားသည့်အချက်အချို့သည် သင်တို့အပေါ်၌ ထိခိုက်သက်ရောက်စေနိုင်၏။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်ချမှတ်ထားတော်မူသည့်) စည်းဘောင်ကို ကျူးလွန်၍ အလွဲသုံးစားပြုသော မုသားဝါဒီများကို တရားလမ်းမှန် ညွှန်ပြတော်မူသည် မဟုတ်ပေ။