Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 40 - Ghafir
Translation by Alin U Yin — Permalink
Verse 29 — Surah Ghafir 40:29
အို၊ ကျွန်ုပ်၏လူမျိုးတို့၊ မြေကမ္ဘာ (၏ဤဒေသဤတိုင်းပြည်) ၌ သင်တို့အတွက် ဤနေ့ဤခေတ်တွင် ဩဇာအာဏာရှိလျက် အပေါ်စီးမှ လွှမ်းမိုးခြယ်လှယ်ခွင့်ရနေကြသော်လည်း အရှင်မြတ်အရေးယူမှု ရောက်လာသည့်အခါ အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ (လွတ်မြောက်ရန်) ကျွန်ုပ်တို့ကို မည်သူကူ ညီမည်နည်း။ (ထိုအခါ) ဖာရိုမင်းက “ကျွန်ုပ်သည် (လောကီဘဝ၌ အရေးတကြီး လိုအပ်သည်ဟု) ထင်မြင်ယူဆသမျှကို သင်တို့အား လုပ်ပြခြင်းသာဖြစ်ပြီး (လောကီဘဝ၌ ရှင်သန်ရေးအတွက်) သင့်လျော်မှန်ကန်သော နည်းလမ်းမှအပ (တမလွန် ဘဝအတွက် ရည်စူး၍ လိုက်နာရသော) အခြားရမည်သည့် တရားလမ်းမှန်ကိုမျှ ညွှန်ပြသည်မဟုတ်ပေ။'' ဟု ပြောဆိုခဲ့၏။