Back to Languages

Burmese - Chapter 40 - Ghafir

Translation by Alin U Yin — Permalink

Verse 3 — Surah Ghafir 40:3

(ထိုအရှင်မြတ်သည်) ပြစ်မှားမှုများကို ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ ဝန်ချတောင်းပန်ခြင်းကို သဘောတူလက်ခံတော်မူသောအရှင်၊ ပြင်းထန်ပြတ်သားစွာ တန်ပြန်အရေးယူ ဒဏ်ခတ်တော်မူသောအရှင်၊ အကန့်အသတ်မဲ့ ရက်ရောတော်မူပြီး အတိုင်းမရှိ စိုးပိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှအပ ဆည်းကပ်ကိုးကွယ်ထိုက်သော ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်း မရှိပေ။ ထိုရှင်မြတ်ထံတော်သို့သာလျင် (အားလုံး၏) နောက်ဆုံးပန်းတိုင် ပြန်လည်ရာဗိမာန်စခန်း ဖြစ်၏။