Back to Languages

Burmese - Chapter 40 - Ghafir

Translation by Alin U Yin — Permalink

Verse 34 — Surah Ghafir 40:34

ထို့ပြင် ဧကန်မလွဲ၊ ယခင်က (တမန်တော်) ယူစွဖ်သည် သင်တို့ထံ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော အထောက်အထားများပါဝင်သည့် ရှင်းလင်းချက်နှင့်အတူ ရောက်ရှိလာခဲ့ပြီးဖြစ်သော်လည်း သင်တို့သည် သူနှင့်အတူ ယူဆောင်လာခဲ့သည့် (အမိန့်ပညတ်ချက်) တို့နှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ ရှိမြဲရှိနေခြင်းအား မရပ်တန့်ခဲ့ကြချေ။ နောက်ဆုံးတွင် သူကွယ်လွန်သွားသည် အထိ (သူ့သွန်သင်ချက်များကို ဖျက်ဆီးစေလို၍) အလ္လာဟ်အရှင်မြတ်သည် သူ့နောက်ပိုင်းတွင် မည်သည့်ရစူလ်တမန်တော်ကိုမျှ အလျှင်း စေလွှတ်တော်မူမည် မဟုတ်ဟု ပြောဆိုခဲ့ကြ၏။ မည်သူမဆို (အရှင်မြတ်ချမှတ်ထားတော်မူသည့်) စည်းဘောင်များကို ကျူးလွန်၍ အလွဲသုံးစားပြုသူ (ဆင်ခြင်တုံတရားနှင့်ဆန့်ကျင်၍ ခေါင်းမာမာဖြင့်) သံသယပွားသူဖြစ်လျင် အလ္လာဟ်အရှင်မြတ်သည် ထိုနည်းအတိုင်းပင် သူ့အား လမ်းမှားသို့ ဦးတည်စေတော်မူမည် ဖြစ်၏။