Back to Languages

Burmese - Chapter 40 - Ghafir

Translation by Alin U Yin — Permalink

Verse 35 — Surah Ghafir 40:35

(ထိုစည်းဘောင်ကျူးလွန်သူ၊ သံသယပွားသူများဖြစ်ကြသော) သူတို့သည် (အရှင့်ထံတော်မှ) သူတို့ထံ မည်သည့် သက်သေအထောက်အထားနှင့်အခွင့်အာဏာ တစ်စုံတစ်ရာမျှပင် ရောက်လာခဲ့ခြင်းမရှိဘဲ အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ စောဒကတက် ငြင်းခုံနေကြ၏။ (ထိုသို့ ဆင်ခြင်တုံတရားမဲ့စွာ အငြင်းသန်ခြင်းသည်) အလ္လာဟ်အရှင်မြတ်၏ အမြင် တော်၌လည်းကောင်း၊ သက်ဝင်ယုံကြည်သူတို့၏အမြင်၌လည်းကောင်း၊ လွန်စွာကြီးလေးသော စက်ဆုပ်ရွံရှာဖွယ်ရာပင် ဖြစ်၏။ အလ္လာဟ်အရှင် မြတ်သည် ထိုနည်းအတိုင်းပင် ဘဝင်မြင့် မာန်မာနထောင်လွှားသူနှင့်နိုင်လိုမင်းထက်ပြမူသူတိုင်း စိတ်နှလုံးပေါ်ဝယ် တံဆိပ်ခတ်နှိပ်တော်မူ၏။