Back to Languages

Burmese - Chapter 40 - Ghafir

Translation by Alin U Yin — Permalink

Verse 37 — Surah Ghafir 40:37

(ထိုသို့မျှော်စင်ဆောက်ခိုင်းခြင်းသည်) မိုးကောင်းကင်များ (ပေါ်တက်နိုင်သည့် အကြောင်းခံများ) နည်းလမ်းများကို ရရှိနိုင်ရန်အလို့ငှာဖြစ်ရာ ကျွန်ုပ်သည် (တမန်တော်) မူဆာ၏ကိုးကွယ်ရာ အရှင်မြတ်အား မြင်နိုင်ကောင်းမြင်နိုင်၏။ အမှန်စင်စစ် ကျွန်ုပ်သည် (တမန်တော်) မူဆာအား လူလိမ်တစ်ဦးအဖြစ်သာ ထင်မြင်ယူဆနေ၏။ ထိုနည်းအတိုင်းပင် သူ၏မကောင်းမှုအကုသိုလ်လုပ်ရပ်များကို ဖာရိုမင်း၏အမြင်၌ လှပတင့်တယ်အောင် ဖြစ်စေတော်မူပြီး (သူ့ဆန္ဒဖြစ်သော လမ်းမှားအတိုင်း လျှောက်နိုင်ရန်) သူ့အား တရားလမ်းမှန်မှ ရှောင်လွှဲစေတော်မူ၏။ အမှန်သော်ကား ဖာရိုမင်း၏မဟာဗျူဟာ အကြံအစည်မှာ အရေးနိမ့်ချွတ်ခြုံကျ​စေခြင်းဖြင့်သာ အဆုံးသတ်ခဲ့၏။