Back to Languages

Burmese - Chapter 40 - Ghafir

Translation by Alin U Yin — Permalink

Verse 4 — Surah Ghafir 40:4

မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်ဖုံးသူ) သူတို့မှအပ (အခြား မည်သူမျှ) အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များ (ဖြစ်ကြသော စကြဝဠာ၏ဖွဲ့စည်းဖြစ်တည်စေမှု ဆိုင်ရာနိယာမတော် လူသားတို့အား ဖွဲ့စည်းဖြစ်တည်စေမှု၊ သမိုင်းအချက်အလက် အစရှိသည်တို့) နှင့်စပ်လျဉ်း၍ စောဒကတက် ငြင်းခုံလေ့ မရှိချေ။ သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) နယ်မြေဒေသ၌ (အင်အားပြသရန် ဝင့်ကြွားစွာ) လှည့်ပတ်လှုပ်ရှားနေကြသော သူတို့၏လှုပ်ရှားမှုက အသင် (တမန်တော်) အား အချည်းနှီးသော မျှော်လင့်ချက်များဖြင့် လှည့်စားခြင်း မခံရစေနှင့်။