Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 40 - Ghafir
Translation by Alin U Yin — Permalink
Verse 47 — Surah Ghafir 40:47
စောင့်စားကြလော့။ သူတို့သည် ငရဲမီးထဲ၌ အချင်းချင်း အပြန်အလှန် ငြင်းခုံကြသည့်အခါ အားနည်း (၍ မျက်ကန်းလမ်းပျောက်ပမာ သူတို့၏ခေါင်းဆောင်အကြီးအကဲတို့ကို နာခံလိုက်နာခဲ့ကြသော လက်အောက်ငယ်သားများဖြစ်ကြသည့်) သူတို့က မာန်မာနထောင်လွှား (လျက် အခြားသူတို့ကို ဖိနှိပ်ညှန်းပန်းခဲ့ကြ) သော ခေါင်းဆောင်အကြီးအကဲတို့အား ''ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် သင်တို့၏နောက်လိုက်များပင် ဖြစ်ခဲ့ကြပေရာ၊ သင်တို့သည် ကျွန်ုပ်တို့ထံမှ ငရဲမီး၏ဝေစုဝေပုံ တစ်စိတ်တစ်ဒေသကို ခွဲဝေယူခြင်းဖြင့် ဖယ်ရှားပေးနိုင်မည်လော။'' ဟု မေးမြန်းကြပေမည်။