Back to Languages

Burmese - Chapter 40 - Ghafir

Translation by Alin U Yin — Permalink

Verse 48 — Surah Ghafir 40:48

(ထိုအခါ) မာန်မာနထောင်လွှား (လျက် အခြားသူတို့ကို ဖိနှိပ်ညှန်းပန်းခဲ့ကြ) သော ခေါင်းဆောင်အကြီး အကဲတို့က ''ဧကန်စင်စစ်၊ ကျွန်ုပ်တို့အားလုံးတို့သည်ပင် ယင်း (ငရဲမီးထဲ) ၌ ရှိနေကြ၏။ ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံလူသားတို့အချင်းချင်းဝယ် (ယတိပြတ်) စီရင်ဆုံးဖြတ်တော်မူခဲ့ပြီ။'' ဟု ပြောဆိုဖြေကြားလိမ့်မည်။