Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 40 - Ghafir
Translation by Alin U Yin — Permalink
Verse 5 — Surah Ghafir 40:5
သူတို့အလျင် (တမန်တော်) နူးဟ်၏လူမျိုးများနှင့်သူတို့နောက်ပိုင်းတွင် (ရှိခဲ့ကြသော) လူ့ဘောင်အုပ်စု အသိုင်းအဝိုင်းများသည် (ရစူလ်တမန်တော်များအား) မဟုတ်မတရား မမှန်မကန် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြ (ကြောင်း ကျမ်းတော်မြတ်ကုရ်အာန်၌ ဖော်ပြပါရှိ) ၏။ ထို့ပြင် လူ့ဘောင်အုပ်စုအသိုင်းအဝိုင်းတိုင်းသည် သူတို့ထံ (အရှင့်အမိန့်တော်များကို သွန်သင်ပို့ချရန် စေလွှတ်တော်မူခဲ့သော) ရစူလ်တမန်တော်အား ဖမ်းဆီးသတ်ဖြတ်ရန် ကြံစည်ခဲ့ကြ၏။ ထို့ပြင် သူတို့သည် (မိရိုးဖလာ ထင်မြင်ယူဆချက်နှင့်မှားယွင်းသော အတွေးအခေါ်ပေါ်အခြေခံ ထားသော) မိစ္ဆာတရားဖြင့် ပရမတ္တသစ္စာ (အမှန်တရား) ကို ရင်ဆိုင်ချေပ၍ ငြင်းဆိုနိုင်ရန် တိမ်းပါးစေအံ့သောငှာ (ရစူလ်တမန်တော်နှင့်) စောဒကတက် ငြင်းခုံခဲ့ကြလေရာ ငါအရှင်မြတ်သည် သူတို့အား ဖမ်းဆီးအရေးယူ စေတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်၏တုံ့ပြန် အရေးယူမှုသည် မည်သို့ရှိ (ပြီး သူတို့ဇတ်သိမ်းနိဂုံးက မည်သို့ရှိ) ခဲ့ကြသနည်း။ (ဟူသည်ကို သမိုင်းစာမျက်နှာများ၌ လေ့လာကြည့်နိုင်၏)။