Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 40 - Ghafir
Translation by Alin U Yin — Permalink
Verse 50 — Surah Ghafir 40:50
(ထိုစဉ် ငရဲထိန်းငရဲစောင့်များဖြစ်ကြသော) သူတို့က ''သင်တို့ထံ ကွက်ကွက်ကွင်းကွင်း မြင်သာထင် ရှားသော အထောက်အထားများပါဝင်သည့် ရှင်းလင်းချက်နှင့်အတူ ရစူလ်တမန်တော်များ လောက်လာခဲ့ကြ သည် မဟုတ်လော့။'' ဟု မေးမြန်းလေသော်၊ သူတို့က ''မုချပင်၊ ရောက်ခဲ့ကြပါ၏။” ဟု ဖြေကြားကြပေမည်။ (ထိုအခါ) ထိုငရဲထိန်းငရဲစောင့်တို့က ''သို့ဖြစ်လျှင် သင်တို့ ကိုယ်တိုင်ပင် ဆုတောင်းပန်ကြားကြလော့။ စင်စစ် သော်ကား (နောင် တမလွန်ဘဝ၌) ''မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့၏ ဆုတောင်းပန်ကြားမှုသည် လွဲချော်မှု၌သာ (ရှိသောကြောင့် အချည်းနှီးပင် ဖြစ်လေ့) ရှိ၏။