Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 40 - Ghafir
Translation by Alin U Yin — Permalink
Verse 55 — Surah Ghafir 40:55
သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော် အရှင့်သတင်းစကားအား လူသားထံ ပို့ချရောက်စေရာတွင် ရင်ဆိုင်သမျှကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံစေလော့။ ဧကန်မလွဲ၊ (ယုံကြည်သူများအား ပေါက်မြောက်အောင်မြင်စေရန် ကူညီစောင်မတော်မူမည်ဟူသော) အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် ပရမတ္တသစ္စာတရားပင် ဖြစ်၏။ သင်၏မေ့မှားချွတ်ချော်မှုများအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားလော့။ ထို့ပြင် ညနေချမ်း၌လည်းကောင်း၊ နံနက်ယံ၌လည်းကောင်း၊ သင့်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား ချီးမွမ်းခြင်း ကျေးဇူးတင်ခြင်းနှင့်တကွ (အရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့် အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့် ကိုးကွယ်ထိုက်သော ပကတိ ဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းတို့ကြောင့်) သန့် ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ကြလော့။