Back to Languages

Burmese - Chapter 40 - Ghafir

Translation by Alin U Yin — Permalink

Verse 56 — Surah Ghafir 40:56

ဧကန်စင်စစ်၊ သူတို့ထံ (အရှင့်ထံတော်မှ) မည်သည့် သက်သေအထောက်အထားနှင့်အခွင့်အာဏာ တစ်စုံတစ်ရာမျှပင် ရောက်လာခဲ့ခြင်းမရှိဘဲ အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ စောဒကတက် ငြင်းခုံနေကြသူတို့သည် သူတို့၏စိတ်နှလုံးများတွင် သူတို့မည် သည့်အခါမျှ ရောက် ရှိနိုင်မည်မဟုတ်သောအရာ (အခြားသူတို့ထက် မြင့်မြတ်လိုမှု) ကို (အာသာဆန္ဒ ပြင်းပြလျက်) ဘဝမြင့်မာန စွဲရှိနေခြင်းမှအပ အခြားတစ်စုံတစ်ရာမျှ မရှိပေ။ သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော် အသင်သည် သူတို့၏ကြံစည်မူမှ) အလ္လာဟ်အရှင်မြတ်ထံ (အားထားမှုအပြည့်ဖြင့်) ခိုလှုံခွင့် တောင်းခံလော့။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အကြွင်းမဲ့ မြင်နေတော်မူသောအရှင်၊ ဖြစ်တော်မူ၏။