Back to Languages

Burmese - Chapter 40 - Ghafir

Translation by Alin U Yin — Permalink

Verse 61 — Surah Ghafir 40:61

အလ္လာဟ်အရှင်မြတ်သည်ပင် သင်တို့အတွက် ညကို ယင်း၌ အိပ်စက်အနားယူစရာအဖြစ်လည်းကောင်း၊ နေ့ကို အလင်းရမြင်နိုင်စွမ်းပေးသောအရာ (အလုပ်လုပ်နိုင်သည့် အခွင့်အရေးရစရာ) အဖြစ်လည်း ကောင်း၊ စီမံဖြစ်စေတော်မူသော အရှင်ပင်ဖြစ်တော်မူ၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ဂုဏ်သိက္ခာနှင့် ကျေးဇူးအလုံးစုံကို ပိုင်ဆိုင်တော်မူပြီး လူသားအပေါ် ရက်ရောစွာပေးအပ်တော်မူသော်ငြားလည်း လူသားအနက် အများစုက ကျေးဇူးမသိ တတ်ကြပေ။