Back to Languages

Burmese - Chapter 40 - Ghafir

Translation by Alin U Yin — Permalink

Verse 62 — Surah Ghafir 40:62

(ထိုကဲ့သို့ ရက်ရောစွာပေးအပ်တော်မူသော) ထိုအလ္လာဟ်အရှင်မြတ်သည်ပင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင် အရာခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှအပ အခြား ဆည်းကပ်ကိုးကွယ်ထိုက်သော ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိချေ။ သို့ဖြစ်ပေရာ သင်တို့သည် (အမှန်တရားသစ္စာကို ကျောခိုင်း၍ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်သည့်အရာများကို ကိုးကွယ်ရာအဖြစ် ဖန်တီးလျက် လှည့်စားခံရရန်) အဘယ်သို့ ပြန်လှည့်ခြင်း ခံကြရသနည်း။