Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 40 - Ghafir
Translation by Alin U Yin — Permalink
Verse 64 — Surah Ghafir 40:64
အလ္လာဟ်အရှင်မြတ်သည်ပင် သင်တို့အတွက် မြေကမ္ဘာကို အခြေချ၍ မှီတင်းနေထိုင်စရာ အဖြစ်လည်း ကောင်း၊ မိုးကောင်းကင်ကို အမိုးအကာအဖြစ်လည်းကောင်း၊ စီမံဖြစ်စေတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထို့ပြင်ထိုအရှင်မြတ်သည် သင်တို့၏ရုပ်ရည်အသွင်သဏ္ဍာန်ကို အကောင်းဆုံး (အလိုက်ဖက်ဆုံး ဟန်ချက်အညီဆုံး ကြည်နူးဖွယ်အကောင်းဆုံး) ဖြစ်အောင် ပုံဖော်စေတော်မူပြီး စင်ကြယ်သန့်ရှင်း၍ အသင့်တော်ဆုံးသောအရာများမှ သင်တို့အား ရိက္ခာအထောက်အပံ့များကို စီမံထောက်ပံ့တော်မူ၏၊ ထိုအရှင်မြတ်သည်ပင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ စင်စစ်သော်ကား စကြဝဠာနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူသော အလ္လာဟ်အရှင်မြတ်သည် ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံတော်မူ (ပြီး ထူးကဲမြင့် မြတ်လှပေ) ၏။