Back to Languages

Burmese - Chapter 40 - Ghafir

Translation by Alin U Yin — Permalink

Verse 65 — Surah Ghafir 40:65

ထိုအရှင်မြတ်သည် (နိစ္စထာဝရဖြစ်တော်မူ၍ သက်ရှိအားလုံးကို အသက်ချီးမြှင့်တော်မူသောအရှင်) အစဉ်ရှင်နေတော်မူသောအရှင်ဖြစ်တော်မူပြီး ထိုအရှင်မြတ်မှအပ အခြား ဆည်းကပ်ကိုးကွယ်ထိုက်သော ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပေ။ သို့ဖြစ်ပေရာ သင်တို့သည် အရှင့် ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) အတွက် အလ္လာဟ်အရှင်မြတ်ကိုသာ စိတ်ရင်း စေတနာဖြူစင်စွာဖြင့် ဟစ်ခေါ် တသ၍ ဆုတောင်းကြလော့။ (ကျေးဇူးပြုသူနှင့်ကျေးဇူးတင်သူနှစ်ဦးစလုံးကို အရှင်မြတ်သာ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူခဲ့သောကြောင့်) ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းဟူသမျှတို့သည် (သက်ရှိသက်မဲ့တို့အတွက် ဖွဲ့စည်းတည်ဆောက်မှုနှင့်ဖွံ့ဖြိုးမှုစနစ်များ ဖြစ်ပေါ်စေတော်မူလျက်) စကြဝဠာများနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်၏။