Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 40 - Ghafir
Translation by Alin U Yin — Permalink
Verse 66 — Surah Ghafir 40:66
(အို၊ ရစူလ်တမန်တော်) ဧကန်မလွဲ၊ ကျွန်ုပ်ထံသို့ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ််ထံတော်မှ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော အထောက်အထား များပါဝင်သည့် ရှင်းလင်းချက်ရောက်လာခဲ့ပြီးဖြစ်ရာ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်မှအပ (အခြားသက်ရှိ သက်မဲ့တို့ကို ကိုးကွယ်ရာအဖြစ်အယူထား၍) သင်တို့ ဟစ်ခေါ်တသလျက် ဆုတောင်းနေကြသော ကိုးကွယ်ရာများအား ယုံကြည်ကိုးကွယ်ခြင်းမပြုရန် တားမြစ်တော်မူခြင်းခံရ၏။ ထို့ပြင် စကြဝဠာများနှင့်လောက ခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်မြတ်ထံ ကိုယ်စိတ်နှလုံးကို အပ်နှံ၍ ထိုအရှင်မြတ်ကိုသာ နာခံလိုက်နာရန် အမိန့်ပေးညွှန်ကြားခြင်းခံရ၏။