Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 40 - Ghafir
Translation by Alin U Yin — Permalink
Verse 67 — Surah Ghafir 40:67
ထို့နောက် ဧကန်ပင်၊ ငါအရှင်မြတ်သည် (သင်တို့၏တည်ရှိမှုအစအန လုံးဝ ကင်းမဲ့ချိန်တွင်) သင်တို့ (၏မူလဘူတဖြစ်တည်မှု) ကို မြေစေးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက် တစ်ဖန် ကလလရေကြည် တစ်စက်မှလည်းကောင်း တစ်ဖန် (သားအိမ်နံရံတွင်) တွယ်ကပ်နေသည့် အတုံးအဖုအဖြစ်လည်းကောင်း၊ ထို့နောက် လူမမည်နို့စို့ကလေးအဖြစ် ထွက်စေတော်မူ၏။ ထို့နောက် သင်တို့သည် သင်တို့၏စွမ်းရည်သတ္တိပြည့်ဝသော လူလားမြောက်သည့် အရွယ်သို့ရောက်စေတော်မူပြီးနောက် တစ်ဖန် (သက်တမ်းအတိုင်းအတာတစ်ခုအထိ အသက်ရှင်စေလျက်) ဇရာအိုအရွယ် သက်ကြီးပိုင်းသို့ရောက်စေတော်မူ၏။ သင်တို့အနက် အချို့သည် ထိုအရွယ် မတိုင်မီ သေစေတော်မူခြင်းခံကြရ၏။ သင်တို့သည် (ဆင်ခြင်တုံ တရားကိုသုံး၍) တွေးခေါ်သိမြင်နားလည်နိုင် ကြရန်အလို့ငှာ သင်တို့အား သတ်မှတ်ပြဌာန်းပြီးဖြစ်သော ကာလအတိုင်းအတာတစ်ခုသို့ ရောက်စေတော်မူ၏။