Back to Languages

Burmese - Chapter 40 - Ghafir

Translation by Alin U Yin — Permalink

Verse 7 — Surah Ghafir 40:7

(အရှင့်တန်ခိုးဩဇာအာဏာစက်ဆိုင်ရာ) အရ်ရှ် မဟာပလ္လင်တော်ကို ထမ်းရွက်လျက်ရှိကြ သူတို့နှင့်ယင်း၏ပတ်လည်၌ ဝန်းရံလျက်ရှိကြသူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား ချီးမွမ်းခြင်းကျေးဇူးတင်ခြင်းနှင့်တကွ ထိုအရှင်မြတ် (သည် ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုး ကွယ်ထိုက် သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ် တော်မူကြောင်းနှင့်စပ်လျဉ်း၍ ဂုဏ်တင်နေကြ၏။ ထို့ပြင် သူတို့သည် ထိုအရှင်မြတ် (က အနှိုင်းမဲ့ တစ်ဆူတည်း ဖြစ်တော်မူပြီး အရာခပ်သိမ်းတို့၏အချုပ်အခြာသည် ထိုအရှင့်၌သာ ရှိကြောင်း) ကို ယုံကြည်သူတို့အတွက် အရှင့်ထံ “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်၊ အရှင့်ကရုဏာတော်နှင့်ဉာဏ်တော်အနန္တဖြင့် အရာခပ်သိမ်းတို့ (၏ပြည့် စုံမှုနှင့်လိုအပ်ချက်များဖြည့်ဆည်းပေးတော်မူရာ) ၌ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံအကျုံးဝင်စေတော်မူပါ။ (သူတို့၏အမှားများအတွက် နောင်တကြီးစွာရပြီး ဝန်ချတောင်းပန်လျက် အရှင့် ဘက်သို့) လှည့်ပြန်၍ အသင်အရှင်မြတ်၏လမ်းစဉ်တော်အတိုင်း နာခံလိုက်နာသူအား ခွင့်လွှတ်ချမ်းသာပေးသနားတော်မူပါ။ ထို့ပြင် သူတို့အား တောက်လောင်နေသော ငရဲဘုံ၏ပြစ်ဒဏ်မှလည်း ကာကွယ်တော်မူပါ။”ဟု လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားလျက်ရှိကြ၏။