Back to Languages

Burmese - Chapter 40 - Ghafir

Translation by Alin U Yin — Permalink

Verse 75 — Surah Ghafir 40:75

ထိုသို့ (လမ်းမှားရောက်စေလိုခြင်းအား ခွင့်ပြုတော်မူခြင်းသည်) သင်တို့သည် ကမ္ဘာလောက၌ အမှန်တရားသစ္စာပေါ်အခြေမခံဘဲ (ထင်ရာစိုင်းပြုမူလျက် မောက်မာစွာဖြင့်) ပျော်ရွှင်မြူးထူး ခဲ့ကြသောကြောင့် လည်းကောင်း၊ (ထင်ရာမြင်ရာအတိုင်း သောင်းကျန်းလျက်) ပမာမခန့် ပြုမူခဲ့ကြသောကြောင့်လည်းကောင်း၊ ဖြစ်၏။