Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 40 - Ghafir
Translation by Alin U Yin — Permalink
Verse 77 — Surah Ghafir 40:77
သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်၊ အရှင့်သတင်းစကားအား လူသားထံ ပို့ချရောက်စေရာတွင် ရင်ဆိုင်သမျှကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံစေလော့။ ဧကန်မလွဲ၊ (ယုံကြည်သူများအား ပေါက်မြောက်အောင်မြင်စေရန် ကူညီစောင်မတော်မူမည်ဟူသော) အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် ပရမတ္တသစ္စာတရားပင် ဖြစ်၏။ ထို့နောက် အကယ်၍ ငါအရှင်မြတ်သည် သူတို့အား ကတိပေး တော်မူသည့် အရာများအနက်မှ အချို့ကို အသင်တမန်တော်၏သက်တမ်း၌ ဖြည့်ဆည်းစေတော်မူလျှက် အသင့်အား ပြသတော်မူသည်ဖြစ်စေ၊ သို့တည်းမဟုတ် ထိုကတိတော်များကို ငါအရှင်မြတ်ဖြည့် ဆည်းပေတော်မမူမီ အသင်တမန်တော်အား ဘဝကူးပြောင်းစေတော်မူလျှင်ဖြစ်စေ၊ (အသင့်အပေါ်၌ ငါအရှင်မြတ်၏အမိန့်ပညတ်ချက်များ လူသားတို့ထံ အရောက်ပို့ဆောင်ပေးရန်သာ တာဝန်ရှိပြီး)၊ သူတို့မူကား ငါအရှင်မြတ်ထံတော်သို့သာ ဦးလှည့် ပြန်လာကြရမည်သာတည်း။