Back to Languages

Burmese - Chapter 40 - Ghafir

Translation by Alin U Yin — Permalink

Verse 78 — Surah Ghafir 40:78

ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် အသင့်အလျင် (တာဝန်များကို သစ္စာရှိရှိကျေပွန်စွာ ထမ်းခဲ့ကြသော) ရစူလ်တမန်တော်များအား စေလွှတ်တော်မူခဲ့ရာ သူတို့အနက် အချို့၏သတင်းအချက်အလက်များကို အသင့်အား ဆင့်ပြန်ပြောပြတော်မူခဲ့၍ သူတို့အနက် အချို့ကိုမူ ဆင့်ပြန်ပြောပြတော်မူခဲ့ခြင်း မရှိချေ။ စင်စစ်သော်ကား စင်စစ်သော်ကား မည်သည့် ရစူလ်တမန်တော်တစ်ပါးပါးမျှ အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုချက်မှအပ အခြားမည်သည့်အကြောင်းကြောင့်မျှ အာယတ်တော်သက်သေ လက္ခဏာတော်တစ်စုံတစ်ရာနှင့်ရောက်လာစရာ အကြောင်းမရှိပေ။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏စီမံချက်အမိန့်တော် ရောက်ရှိလာသောအခါ၌လည်း အမှန်တရားသစ္စာနှင့်အညီ မျှတမှန်ကန်စွာ စီရင်ဆုံးဖြတ်စေတော်မူသည့်အပြင် (အမှန်တရားကို အမှားဟု သက်သေပြရန် ကြံစည်မှုအမျိုးမျိုး နည်းလမ်းအသွယ်သွယ်ဖြင့် ရုန်းကန်လျက်) လမ်းမှားကို ရှာဖွေလိုက်စားသူ သူတို့သည် ထိုနေရာ၌ပင် ပျက်စီးဆုံးရှုံးကြလိမ့်မည်။