Back to Languages

Burmese - Chapter 40 - Ghafir

Translation by Alin U Yin — Permalink

Verse 8 — Surah Ghafir 40:8

အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ သူတို့အား သူတို့အတွက် ကတိတော်ထားတော်မူသည့် အမြဲထာဝရ နေထိုင်စံမြန်းရမည့် သုခဥယျာဉ်များသို့လည်း ဝင် ရောက်စေတော်မူပါ။ ထို့ပြင် သူတို့၏မိဘဘိုး၊ ဘေး၊ ဘီ၊ ဘင်များ၊ သူတို့၏ဘဝဖော်များနှင့်သူတို့၏သားစဉ်မြေးဆက်များအနက်မှ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့ကိုလည်း သုခဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပါ။ ဧကန်မလွဲ၊ အသင်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီ ရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။