Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 40 - Ghafir
Translation by Alin U Yin — Permalink
Verse 82 — Surah Ghafir 40:82
သူတို့က သူတို့မတိုင်မီက လွန်လေခဲ့ပြီးဖြစ်သောသူတို့သည် အင်အားနှင့်ဩဇာအာဏာအားဖြင့်လည်းကောင်း၊ ကမ္ဘာဂြိုလ်၌ထားခဲ့ကြသော လက်ရာအမွေအနှစ်များအရလည်းကောင်း၊ သူတို့ထက် ပိုမို၍ သာလွန်ခဲ့သော်ငြားလည်း (အရှင့်သက်သေလက္ခဏာတော်များကို ခေါင်းမာမာဖြင့် မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ကြရာ) အလ္လာဟ်အရှင်မြတ်သည် သူတို့အား အရေးယူတော်မူခဲ့သောကြောင့် သူတို့၏နောက်ဆုံး အကျိုးရလဒ် (ဇတ်သိမ်းခန်း) မည်သို့ရှိခဲ့ကြောင်းကို တွေ့မြင်လေ့လာ၍ ဆင်ခြင်သုံးသပ်နိုင်ရန် မြေကမ္ဘာဝယ် လှည့်လည်လျက် ခရီးသွားခြင်း မပြုကြသလော။ သို့တစေလည်း သူတို့ရှာမှီးဆည်းပူးခဲ့သမျှသည် သူတို့အတွက် အသုံးမဝင် အကျိုးပေးသည် မဟုတ်ပေ။