Back to Languages

Burmese - Chapter 40 - Ghafir

Translation by Alin U Yin — Permalink

Verse 85 — Surah Ghafir 40:85

သို့တစေလည်း သူတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို မြင်တွေ့ခဲ့ကြပြီးမှ (ဝန်ခံလာခြင်း) ဖြစ်သော သူတို့၏သက်ဝင်ယုံကြည်မှုသည် သူတို့အား အကျိုးပေးခဲ့သည် မဟုတ်ပေ။ (ထိုသို့ ဖြစ်ခြင်းသည်) သူတို့မတိုင်မီ လွန်လေခဲ့ပြီးဖြစ်သော အရှင့်အစေခံလူသားများအတွက်လည်း (အမှန်ပင် ပြဌာန်းတော်မူခဲ့သည့်) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော် (နည်းစနစ်) ပင် ဖြစ်၏။ သို့ဖြစ်ပေရာ ထိုမယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ငြင်းပယ်သူ) တို့သည် ထိုနေရာ၌ပင် ပျက်စီးဆုံးရှုံးကြလေ၏။