Back to Languages

Burmese - Chapter 40 - Ghafir

Translation by Alin U Yin — Permalink

Verse 9 — Surah Ghafir 40:9

ထို့ပြင် သူတို့အား (အကျိုးဆက်အဖြစ် ငရဲဘုံရောက်စေမည့်) မကောင်းမှုအကုသိုလ်အပေါင်းမှ ထိန်းသိမ်းစောင့်ရှောက်စေတော်မူပါ။ စင်စစ်သော်ကား မည်သူမဆို မကောင်းမှုအကုသိုလ်အပေါင်းမှ (ရှောင်တိမ်း၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်းဖြင့် မိမိကိုယ်ကို ထိန်းသိမ်း စောင့်ရှောက်လျှင် ထို (တမလွန်တရားစီရင်မည့်) နေ့တွင် ထိုအရှင်မြတ်သည် သူ့အပေါ် ဧကန်မုချပင် ကရုဏာတော်သက်တော်မူခဲ့လိမ့်မည်။ စင်စစ်သော်ကား ထိုသို့ထိန်းသိမ်းစောင့်ရှောက်နိုင်လျှင် ယင်းသည် ကြီးကျယ်မြင့်မြတ်သော မဟာအောင်မြင်မှုပင်ဖြစ်၏။