Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 41 - Fussilat
Translation by Alin U Yin — Permalink
Verse 14 — Surah Fussilat 41:14
(အာဒ်နှင့်ဆမူဒ်လူမျိုးဖြစ်ကြသော) ရစူလ်တမန်တော်များသည် သူတို့ထံသို့ သူတို့၏ရှေ့မျိုးဆက်မှ လည်းကောင်း၊ သူတို့နောက်မျိုးဆက်မှလည်းကောင်း၊ (သူတို့အား သွန်သင်ရန် ထင်ရှားမြင်သာသောသက်သေ လက္ခဏာတော်နှင့်တကွ နည်းမျိုးစုံဖြင့် ချဉ်းကပ်လျက်) ရောက်ရှိလာပြီးလျှင် ''အလ္လာဟ်အရှင်မြတ်မှအပ အခြား မည်သည့်တစ်စုံတစ်ရာကိုမျှ ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြလေနှင့်။” (ဟု ဟောကြားသည့်အခါ) သူတို့က ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူပါလျှင် အမှန်ပင်၊ မလာအီကာကောင်းကင်စေတမန်များကို အမှန်ပင် စေလွှတ်တော်မူခဲ့မည်ဖြစ်ပေရာ ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် သင်တို့နှင့်အတူ စေလွှတ်စေပါးခြင်း ခံရသောအရာ (အမိန့်ပညတ်ချက်များ) ကို မယုံကြည်ဖီဆန်ငြင်းပယ်သူများ ဖြစ်ကြ၏။” ဟု ပြောဆိုခဲ့ကြ၏။