Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 41 - Fussilat
Translation by Alin U Yin — Permalink
Verse 30 — Surah Fussilat 41:30
ဧကန်ပင်၊ ''ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်မှာ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။'' ဟု ပြောဆိုကြပြီးနောက် (သူတို့၏ယုံကြည်မှု၊ လုပ်ရပ်၊ အတွေးအခေါ်များနှင့်ဖြောင့်မတ်မှန်ကန်သောလမ်းစဉ်အတိုင်းသာ အခိုင်အမာ) ရပ်တည်ကြသူတို့မူကား သူတို့အပေါ် မလာအီကာ စေတမန်များ ဆင်းသက်စေတော်မူ၍ (စိတ်နှလုံး အေးချမ်းစေမည့် နှစ်သိမ့်စကားအဖြစ်) ''သင်တို့သည် စိုးရိမ်ကြောင့်ကြခြင်း မရှိကြလေနှင့်။ ဝမ်းနည်းပူဆွေးခြင်းလည်း မရှိကြလေနှင့်။ သင်တို့အတွက် ကတိထားတော်မူသည့် သုခဥယျာဉ်နှင့်စပ်လျဉ်း ဝမ်းမြောက်ဝမ်းသာဖွယ်ရာ သတင်းကောင်း လက်ခံရယူကြလော့။