Back to Languages

Burmese - Chapter 42 - Ash-Shura

Translation by Alin U Yin — Permalink

Verse 11 — Surah Ash-Shura 42:11

(ထိုအရှင်မြတ်သည်ပင်) မိုးကောင်းကင်များနှင့်ကမ္ဘာမြေ၏မူလဇစ်မြစ်ကို (ယင်းတို့၏သီးခြား အင်္ဂါရပ် ကိုယ်စီနှင့်စီစဉ်ကျနမှုကိုယ်စီဖြင့်) ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်များအနက်မှ သင်တို့အတွက် ဘဝဖော်များကို ဖြစ်စေတော်မူပြီး တိရိစ္ဆာန်များတွင်လည်း အလားတူ (စုံတွဲ၊ အပေါင်းအဖော်များ) ဒွယံဒွယံ ဖြစ်စေတော်မူ၏။ ထိုသို့ဖြစ်စေတော်မူခြင်းအားဖြင့် ထိုအ ရှင်မြတ်သည် (သက်ရှိ တိရိစ္ဆာန်များအပါအဝင်) သင်တို့အား ဆတထမ်းပိုး တိုးတက်ပြန့်ပွားစေတော်မူ၏။ ထိုအ ရှင်မြတ်နှင့်တုနှိုင်း နိုင်သောအရာဟူ၍ မည်သည့် တစ်စုံတစ်ရာမျှပင် အလျှင်း မရှိချေ။ ထိုအရှင်မြတ်သည်ပင် အရှင်မြတ်သည် (အရာခပ်သိမ်းတို့၏အသံအလုံးစုံကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ ကို သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။