Back to Languages

Burmese - Chapter 42 - Ash-Shura

Translation by Alin U Yin — Permalink

Verse 12 — Surah Ash-Shura 42:12

မိုးကောင်းကင်မများနှင့်မြေကမ္ဘာ၏ (ရတနာသိုက်ဆိုင်ရာ) သော့များသည် ထိုအရှင်မြတ်၌သာ ရှိ၏။ ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား စားနပ်ရိက္ခာနှင့် အခြား လိုအပ်ချက်များကို တိုးချဲ့ဖြည့်ဆည်းပေးအပ်တော်မူပြီး အလိုရှိတော်မူသောသူအား အကန့်အသတ် အတိုင်းအတာဖြင့်သာ ပေးအပ်တော်မူ၏။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။