Back to Languages

Burmese - Chapter 42 - Ash-Shura

Translation by Alin U Yin — Permalink

Verse 13 — Surah Ash-Shura 42:13

(လူ့ဘဝသမိုင်းတစ်လျှောက် စေလွှတ်တော်မူခဲ့ တမန်တော်များမှ တစ်ဆင့် လူသားတို့အတွက် ပြဌာန်းတော်မူခဲ့သည့်) ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဥ်) တွင် သင်တို့အတွက် တမန်တော်နူးဟ်အပေါ် သတ်မှတ်ပြဌာန်းတော်မူသည့် ဘဝတည်ဆောက်ရေးပမာ သတ်မှတ်ပြဌာန်းပေးတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်က အသင် (တမန်တော်) အပေါ် ဝဟီအမိန့်ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသည့်အမိန့် ပညတ်ချက်များတွင် တမန်တော် အီးဗ်ရာဟီးမ်မူဆာနှင့်အီစာတို့ အပေါ် ချမှတ်ပေးအပ်တော်မူသည့် အမိန့်ပညတ်ချက်များလည်းပါဝင်သည့်အပြင် ဒီန်လမ်းစဥ်ကို မြဲမြံစွာ ဆောက်တည်ရန်နှင့်ယင်း (ဒီန်လမ်းစဥ်) ၌ (ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ၊ ဝါဒစွဲပေါ်အခြေခံ၍) အုပ်စုဂိုဏ်းဂဏ မခွဲကြရန် ဟူသော အမိန့်တော်လည်း ပါရှိ၏။ (အို၊ ရစူလ်တမန်တော်) အသင် သူတို့အား ထိုအရှင်မြတ်ဘက်သို့သာ ဖိတ်ခေါ် နေခြင်းသည် ထိုအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ အခြားသောအရာများကို ကိုးကွယ်နေကြသော သူတို့ ၌ လွန်စွာခက်ခဲကြီးလေးပြီး စိတ်သောကရောက်စေ၏၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်း တော်နှင့်အညီ အလိုရှိတော်မူသောသူအား အရှင့်ဘက်တော်သို့ (ယုံကြည်မှုဝနှင့်နာခံမှုဖြင့် ဘဝတည်ဆောက်ရန်) ရွေးချယ်တော်မူပြီး ထိုအရှင်မြတ်သည် အရှင့်ဘက်တော်သို့ ပြန်လှည့်သော သူဟူသမျှကို လမ်းညွှန်တော်မူ၏။