Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 42 - Ash-Shura
Translation by Alin U Yin — Permalink
Verse 14 — Surah Ash-Shura 42:14
သူတို့၏မနာလိုပြိုင်ဆိုင်မှုနှင့်ပမာမခန့်မှုကြောင့် သူတို့ထံ (အမှန်တရားသစ္စာပေါ်အခြေခံသော) အသိပညာ ရောက်ရှိလာပြီးနောက်တွင် (ယခင်က ချမှတ်ပေးအပ်တော်မူခဲ့သည့် ဘဝတည်ဆောက်ရေး လမ်းစဉ် လိုက်နာခဲ့ကြသော) သူတို့အချင်းချင်းကြား (လမ်းစဉ်မှန်မှ သွေဖည်၍) အုပ်စုဂိုဏ်းဂနများ ကွဲခဲ့ကြ၏။ အမှန်စင် စစ် အကယ်၍ အသင့်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ ရှေ့ပြေးအမိန့်စကားတော်တစ်ရပ်သည် သတ်မှတ်ထားသောကာလတစ်ခုအတွက် ရှိနှင့်ပြီးမဖြစ်ခဲ့လျှင် အမှန်ပင် သူတို့ကြား၌ အပြီးသတ်စီရင်ချက်ကို အမှန်ပင် စီရင်ဆုံးဖြတ်ခဲ့ပြီ ဖြစ်လိမ့်မည်။ ထို့ပြင် ဧကန်စင်စစ်၊ သူတို့နောက်ပိုင်းတွင် ကျမ်းတော်ကို အမွေဆက်ခံခွင့်ရကြသော သူတို့မှာမူကား ယင်း (ဒီန်ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) တော်နှင့်စပ်လျဉ်း၍ မယုံသင်္ကာဖြစ်စေသော ဒွိဟသံသယ၌ ရှိနေကြလေ၏။