Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 42 - Ash-Shura
Translation by Alin U Yin — Permalink
Verse 15 — Surah Ash-Shura 42:15
သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) သူတို့အား (ဒီန်ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့် ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်ဘက်သို့) ဖိတ်ခေါ်လော့။ ထို့ပြင် အသင့်အား အမိန့်တော် ပေးခြင်းခံခဲ့ရသည့်အတိုင်း ဖြောင့်မတ်မှန်ကန်၍ မြဲမြံစွာဖြင် ရပ်တည်လော့။ (ယခင်ကျမ်းရပုဂ္ဂိုလ်များ အပါအဝင် အရှင့်လမ်းစဉ်တော်မဟုတ်ဘဲ အခြား လမ်းစဉ်များကို လိုက်နာကြသော) သူတို့၏အလိုဆန္ဒရမ္မက်များကို မလိုက်လျော မလိုက်နာလေနှင့်။ ထို့ပြင် သူတို့အား “ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသော မည်သည့်ကျမ်းတော်ကိုမဆို သက် ဝင်ယုံကြည်ပြီး သင်တို့ကြားတွင် တရားမျှတမှုကို တည်ဆောက်ရန် အမိန့်တော်ပေးခြင်းခံရ၏။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့နှင့်သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။ ကျွန်ုပ်တို့၏ပြုမူကျင့်ကြံမှုအတွက် ကျွန်ုပ်တို့၌ တာဝန်ရှိပြီး သင်တို့၏ပြုမူကျင့် ကြံမှုအတွက် သင်တို့၌ တာဝန်ရှိ၏။ ကျွန်ုပ်တို့နှင့်သင်တို့ကြား၌ မည်သို့မျှ အချေအတင်ငြင်းစရာ မရှိပေ။ အလ္လာဟ်အရှင်မြတ်သည်ပင် ကျွန်ုပ်တို့အားလုံးကို စုရုံးစုစည်းစေတော်မူ (ပြီး ကျွန်ုပ်တို့နှင့်သင်တို့ကြား သဘောထားကွဲသည်တို့နှင့်စပ်လျဉ်း၍ ဖြေရှင်းစေတော်မူ) ပေမည်။ ထို့ပြင် ထိုအရှင်မြတ်ထံတော်သို့ပင် (ကျွန်ုပ်တို့အားလုံး၏) နောက်ဆုံးခရီးပန်းတိုင် ဖြစ်၏။