Back to Languages

Burmese - Chapter 42 - Ash-Shura

Translation by Alin U Yin — Permalink

Verse 21 — Surah Ash-Shura 42:21

သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်က ခွင့်ပြုတော်မူခြင်းမရှိသော ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) မှ သူတို့အတွက် သတ်မှတ် ပြဋ္ဌာန်းပေးသော အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ကိုးကွယ်ခွင့်ရှိသည့် ကိုးကွယ်ရာများ ရှိကြသလော။ အကယ်၍ အပြီးသတ် ဓမ္မသတ်စီရင်ဆုံးဖြတ်မှုကို ရှင်းလင်းဆုံးဖြတ်စေမည့် ရှေ့ပြေးအမိန့်စကားတော်တစ်ရပ် မရှိခဲ့လျှင် သူတို့အကြား၌ စီရင်ဆုံးဖြတ်တော်မူလိမ့်မည် ဖြစ်၏။ ထို့ပြင် ဧကန်ပင်၊ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန် ချိုးဖောက်၍ မတော်မတရား မမှန်မကန်ပြု မူကျင့်ကြံသူတို့မူကား သူတို့အတွက် ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ် ရှိလေ၏။