Back to Languages

Burmese - Chapter 42 - Ash-Shura

Translation by Alin U Yin — Permalink

Verse 22 — Surah Ash-Shura 42:22

(အို၊ ရစူလ်တမန်တော်) အသင်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မတော်မတရား မမှန်မကန်ပြု မူကျင့်ကြံသူတို့အား သူတို့၏ကျင့်ဆောင်ရှာမှီးဆည်းပူးမှုကြောင့် ထိတ်လန့်ကြောက်ရွံ့ စိုးရိမ် လျက် ရှိကြသည်ကို တွေ့မြင်ရပေမည်။ စင်စစ်သော်ကား ယင်း (ပြုမူဆောင်ရွက်၍ ရှာမှီးဆည်းပူးခြင်း ၏ကျိုးဆက်) သည် သူတို့အပေါ်၌သာ ကျရောက်မည် ဖြစ်၏။ ထို့ပြင် သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန် ကန်သော ပြုမူကျင့် ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့မူကား ဇိမ်ခံပစ္စည်းများနှင့်ပြည့်စုံပြီး ပန်းမျိုးစုံဖြင့် စိမ်းလန်းစိုပြေနေသော သုခဘုံဥယျာဉ်များ၌ ရှိကြပေမည်။ သူတို့အတွက် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်တွင် သူတို့အလိုရှိသမျှသောအရာများ (အသင့်ပြင်ထားပြီး သား) ရှိ၏။ ထိုသို့ဖြင့် ယင်းသည် အလွန်ကြီးမားသော ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာပေးအပ်ခြင်းပင် ဖြစ်ပေ၏။