Back to Languages

Burmese - Chapter 42 - Ash-Shura

Translation by Alin U Yin — Permalink

Verse 23 — Surah Ash-Shura 42:23

ထိုသို့ပင် အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသော အရှင့်အစေခံလူသားတို့အား ဝမ်းမြောက်ဝမ်းသာဖွယ်ရာ သတင်း ဖြစ်၏။ (အို၊ ရစူလ်တမန်တော် သူတို့အား) ကျွန်ုပ်သည် သင်တို့ထံမှ ယင်း (အရှင့်တရားဓမ္မဆိုင်ရာ အမိန့်ပညတ်ချက်များကို သွန်သင်ပို့ချခြင်း) နှင့်စပ်လျဉ်း၍ ဆွေမျိုးသားချင်းတော်စပ်မှုကြောင့် ချစ်မြတ်နိုးခြင်းမှအပ မည်သည့် အကျိုး အမြတ် အခကြေးငွေကိုမျှ တောင်းဆိုသည် မဟုတ်ပေ။ စင်စစ်သော်ကား မည်သူမဆို ကောင်းမှုကုသိုလ် တစ်စုံတစ်ရာကို ရှာဖွေဆည်းပူးသည်ရှိသော် ငါအရှင်မြတ်သည် ယင်းကောင်းမှု၌ ကောင်းမြတ်မှုကို တိုးပွားစေတော်မူမည်။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာ ရက်ရောစွာ ကျေးဇူးတုံ့ပြန်တော်မူသောအရှင် ဖြစ်တော်မူ၏။