Back to Languages

Burmese - Chapter 42 - Ash-Shura

Translation by Alin U Yin — Permalink

Verse 24 — Surah Ash-Shura 42:24

သို့တည်းမဟုတ် သူတို့က “(တမန်တော်မုဟမ္မဒ်) သူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ မုသားကို လုပ်ကြံဖန်တီးသည်။” ဟု ပြောဆိုကြလေသလော။ သို့ဖြစ်လျှင် အကယ်၍ (သင်သည် သူတို့ရှေ့ဝယ် မည်သည့်အရှင့်အမိန့်တော်ကိုမျှ မပို့ချနိုင်ရံသာမက) အလ္လာဟ်အရှင်မြတ် သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူပါလျှင် အသင့်စိတ်နှလုံးပေါ်၌ တံဆိပ်ခတ်နှိပ် တော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရှင့်အာယသ်သက်သေလက္ခဏာတော်များဖြင့် မိစ္ဆာတရားကို ဖယ်ရှားပျောက်ပစ်စေတော်မူ၍ အမှန်တရားသစ္စာကို အခိုင်အမာအတည်ပြုတော်မူ၏။ ဧကန်ပင်၊ အလ္လဟ်အရှင်မြတ်သည် (လူသားတို့၏) စိတ်နှလုံးအတွင်း ကိန်းအောင်းလျက် ရှိသည်တို့နှင့်ပတ်သက်၍ အကြွင်းမဲ့ သိနေတော်မူသောအရှင်ဖြစ်တော်မူ၏။