Back to Languages

Burmese - Chapter 42 - Ash-Shura

Translation by Alin U Yin — Permalink

Verse 26 — Surah Ash-Shura 42:26

ထို့ပြင် ထိုအရှင်မြတ်သည် သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့၏ (နာခံကိုးကွယ်မှုနှင့်ဆုတောင်းပတ္ထနာ) ကို သဘောတူလက်ခံတော်မူသည့်အပြင် သူတို့အား အရှင့်ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာပေးခြင်းကို တိုးချီးမြှင့်ပေးအပ်တော်မူ၏။ သို့ရာတွင် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့မူကား သူတို့အတွက် ပြင်းထန်လှစွာသော ပြစ်ဒဏ်သည် ရှိနေ၏။