Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 42 - Ash-Shura
Translation by Alin U Yin — Permalink
Verse 27 — Surah Ash-Shura 42:27
စင်စစ်မှာကား အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သူ့အစေခံလူသားတို့အတွက် ရိက္ခာအထောက်အပံ့များကို အလျှံပယ်ပေါများစွာ ချီးမြှင့်တော်မူလျှင် သူတို့သည် ကမ္ဘာမြေဝယ် (အရှင့်စည်းဘောင်အားလုံးကို ကျူးလွန်ချိုးဖောက်၍) သောင်းကျန်းကြမည်သာ ဖြစ်၏။ သို့ရာတွင် အရှင်မြတ်သည် (ရိက္ခာအထောက်အပံ့များကို) အရှင့်ဆန္ဒတော်နှင့်အညီ အလိုရှိတော်မူသောသူအား စံသတ်မှတ်တိုင်းတာမှုဖြင့်သာ ချမှတ်ပေးအပ်တော်မူ၏။ ဧကန်စင်စစ်၊ ထိုအရှင်မြတ်သည် အရှင့်အစေခံလူသားအပေါင်းတို့နှင့်ပတ်သက်၍ (သတင်းအချက်အလက် အသေးစိတ်ကို) ကောင်းစွာ သိတော်မူသောအရှင်၊ ကောင်းစွာ မြင်တော်မူသောအရှင် ဖြစ်တော်မူ၏။