Back to Languages

Burmese - Chapter 42 - Ash-Shura

Translation by Alin U Yin — Permalink

Verse 38 — Surah Ash-Shura 42:38

ထို့ပြင် ထိုသူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (၏ ဖိတ်ခေါ်မှုဖြစ်သော တားမြစ်ချက်များနှင့်အမိန့်တော်များကို နာခံလိုက်နာလျက်) တုံ့ပြန်ဖြေကြားပြီး ဆွလာသ် ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းစည်းကမ်းနှင့်အညီ မြဲမြံစွာ) ဆောက်တည်ကြရုံသာမက သူတို့အချင်းချင်းကြား ဆောက်ရွက်စရာရှိသည့် စီမံချက်အရေးကိစ္စများတွင်လည်း ဆွေးနွေးနှီးနှော ညှိနှိုင်းတိုင်ပင်ကြသည့်အပြင် အရှင်မြတ်က သူတို့အား ချီးမြှင့်ပေးအပ်တော်မူသော ရိက္ခာအထောက်အပံ့များမှလည်း (ဆင်းရဲနွမ်းပါးသူတို့အတွက် တရားတော်နှင့်အညီ) မျှဝေစွန့်လှူပေးကမ်းကြ၏။