Back to Languages

Burmese - Chapter 42 - Ash-Shura

Translation by Alin U Yin — Permalink

Verse 44 — Surah Ash-Shura 42:44

စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို (သူ၏လွတ်လပ်သောဆန္ဒအရ အပါယ်လမ်းကို ရွေးချယ်လိုခြင်းဖြင့်) လမ်းမှားဘက်ဦးတည်စေတော်မူလျှင် ထိုသို့လမ်းမှားရောက်ပြီးနောက် သူ့အတွက် (ထိုအရှင်မြတ်မှအပ သူ့ကို ထောက်ခံကူညီနိုင်မည့်) မည်သည့်ကာကွယ်စောင့်ရှောက်သူမျှ ရှိလိမ့်မည် မဟုတ်ပေ။ ထို့ပြင် (အို၊ ရစူလ်တမန်တော်၊ နောင်တမလွန်ဘဝ၌) အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့သည် ပြစ်ဒဏ်ကို တွေ့မြင်ကြသောအခါ (ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်လိုသူဖြစ်နိုင်ရန် ကမ္ဘာလောကသို့ နောက်တစ်ကြိမ်) ပြန်သွားနိုင်သည့် နည်းလမ်း တစ်စုံတစ်ရာ ရှိပါသလော။''ဟု မေးမြန်းကြမည်ကို အသင်တွေ့မြင်ရပေမည်။