Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 42 - Ash-Shura
Translation by Alin U Yin — Permalink
Verse 45 — Surah Ash-Shura 42:45
ထို့ပြင် အသင်သည် ထိုသူတို့အား ယင်းငရဲမီးရှေ့ဝယ် အရှက်တကွဲ သိမ်ငယ်ကြောက်ရွံ့လျက် (ရဲရဲမကြည့်ဝံ့ကြဘဲ) တိတ်တခိုးပတ်ကြည့်နေကြမည်ကို တွေ့မြင်ရလိမ့်မည်။ ထို့ပြင် သက်ဝင်ယုံကြည်သူတို့က “ဧကန်ပင်၊ ရှင်ပြန်ထမည့်နေ့တွင် သူတို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို သူတို့၏စိတ်အလိုရမ္မက် နှင့်အညီသာ အသုံးချခြင်းဖြင့် သူတို့ကိုယ်သူတို့သည်လည်းကောင်း၊ သူတို့၏မိသားစုအသိုင်းအဝိုင်းတို့သည်လည်းကောင်း၊ ဆုံးရှုံးပျက် စီးစေသူတို့သည်သာလျှင် ပျက်စီးဆုံးရှုံးသူ (အစစ်အမှန်) များဖြစ်ကြ၏။ သတိထား ကြလော့။ ဧကန်မလွဲ၊ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့် ကြံသူတို့သည် အမြဲထာဝရ မြဲမြံတည်တံ့မည့် ပြစ်ဒဏ်၌ ရှိကြပေမည်။