Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 42 - Ash-Shura
Translation by Alin U Yin — Permalink
Verse 46 — Surah Ash-Shura 42:46
ထို့ပြင် (တန်ခိုးအာနုဘော်အလုံးစုံနှင့်ပြည့်စုံတော်မူသော) အလ္လာဟ်အရှင်မြတ်မှလွဲ၍ သူတို့အား ကူညီစောင်မနိုင်မည့် ကာကွယ်စောင့်ရှောက်သူဟူ၍လည်း မည်သူတစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို (သူ၏လွတ်လပ်သောဆန္ဒအရ အပါယ်လမ်းကို ရွေးချယ်လိုခြင်းဖြင့်) လမ်းမှားဘက်ဦးတည်စေတော်မူလျှင် သူ့အတွက် (ထိုအရှင်မြတ်၏လမ်းစဉ်တော်မှအပ ထာဝရပျော်ရွှင်မှုခံစားနိုင်မည့်) အခြားမည်သည့်နည်းလမ်းမျှပင် ရှိလိမ့်မည် မဟုတ်ပေ။